ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၆၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၁၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၆၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၂၀၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၆၅၀ ၊ မုံရွာလတ်သန့် ကျပ် ၁၃၀၀ နှင့် မုံရွာလတ်ချော ကျပ် ၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀ ဈေးမြင့်တက်ခဲ့ပြီးဆိပ်ဖြူလတ် ချော ကျပ် ၁၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၅၀၊ မုံရွာလတ်သန့် ကျပ် ၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၃၅၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၅၇ စီး (၃၄၂,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၅၀ စီး (၉၀၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၉၃ စီး ( ၅၅၈,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်) ကျပ် ၁၁၀၀၀၊ အောင်ပန်းထူး -၂ ကျပ် ၄၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၆၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၇၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး -၂ ကျပ် ၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၂၀၀၀ (၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ်ရေ ၂၈၀၀ (၆၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၈၀၀ (၂၄,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ တရုတ်အာလူး ကျပ် ၆၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အာလူးများဈေးငြိမ်လျက် ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီး ရေ ၂၀ စီး (၁၂၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကားစီးရေ ၂၇ စီး( ၁၆၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၇ စီး( ၄၂,၀၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး